»
S
I
D
E
B
A
R
«
ကမ္ဘာရပ်ဝန်းခရီးစဉ်
September 15th, 2009 by သက္ကရာဇ်

ကြယ်တွေငိုသံကြားတယ်
နေမင်းရဲ့ဈာပနကို
ကမ္ဘာစောင့်နတ်တွေမျက်ကွယ်ပြုထားလို့ထင်တယ်…

ပန်းတွေငိုသံကြားတယ်
ဥယျာဉ်ထဲကရေတွေကို
မြေလွှာတွေသောက်သုံးသွားလို့ထင်တယ်…

ကြွက်တွေရယ်သံကြားတယ်
တမာန်တော်ကြောင်မင်းကို
ဖန်ဆင်းရှင်အိပ်ဆေးတိုက်ထားလို့ထင်ပါရဲ့။

ဒီလိုနဲ့
တဒင်္ဂတွေ ဒဏ်ရာကိုယ်စီထုပ်ပိုးလို့
သေမင်းရဲ့တက်ခေါက်သံကိုထိတ်လန့်နေရတယ်…

မိုးနတ်မင်းဆိုတဲ့ကောင်ကလဲ
မညှာမတာ
မာယာမိုးတွေရွာချ
ငါကတော့
အိပ်ယာထစောခဲ့တယ်။ ။

သေမင်းတမာန် (ခေတ္တ - လူ့ပြည်)


2 Responses  
Dream writes:
September 17th, 2009 at 9:20 am

ကဗျာဆရာ ကဗျာလေးတွေ တော်တော်သွက်တယ်။ ကဗျာကောင်းလေး တပုဒ်ကို အားပေးသွားပါတယ်။

Craton writes:
November 4th, 2009 at 12:16 am

ရေးထားတာလေးမဆိုးပါဘူး..

Leave a Reply

»  Substance: WordPress   »  Style: Ahren Ahimsa